Search


Take care naw

ပြီးခဲ့တဲ့တစ်ပတ်လုံ...

  • Share this:


Take care naw

ပြီးခဲ့တဲ့တစ်ပတ်လုံးမှာ မြန်မာသရုပ်ဆောင်မော်ဒယ် မင်းသား ပိုင်တံခွန်နဲ့ ကမ္ဘောဒီးယားမှ မင်းသမီးချော ဆိုသီဒါတို့ မနားတမ်း ပင်ပန်းခဲ့ရပါတယ်။ မကြာခင်မှာရိုက်ကူးတော့မယ် Red Wall (နံရံ) ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းတွေ စကားပြောတွေကို ကြိုတင်လေ့ကျင့်နေကြရလို့ပါ။

ဒီလိုမျိုး အလုပ်တွေများပြီး ပင်ပန်းနေကြတဲ့ကြားကပဲ သူတို့ချစ်တဲ့ ပရိသတ်တွေအတွက်တော့ အခုလို စကားလက်ဆောင်လေး ပြောကြားပေးခဲ့ကြပါသေးတယ်။ လက်ရှိ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ COVID19 Virus ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့လို့ သတိပေးထားတာလေးပါ။

သူတို့ပြောသလိုပဲ မိမိတို့လက်တွေကို မကြာခဏဆေးဖို့၊ ရေခဏခဏသောက်ဖို့နဲ့ လူနေထူထပ်တဲ့နေရာတွေသွားရင် မျက်နှာဖုံးတပ်ကြဖို့ မမေ့ကြပါနဲ့နော်။

#RedWall #COVID19 #TheClock2 #နံရံ


Tags:

About author
not provided
I'm nothing without my fans
View all posts